Star Web Creation Group

 

Knowledge Page

Google Chrome ရ

Google Chrome ရဲ့လျှို့ဝှက်ချက်၃၀

စက်တင်ဘာလအတွင်းမှာ google ကနေ web browser တစ်ခုကို စတင် မိတ်ဆက် ပေးခဲ့ ပါတယ်။ ‘chrome’ လို့ အမည်ရတဲ့ အဒီ browser ရဲ့ လျှို့ဝှက်ချက် ကလေးများကို ဖော်ပြ လိုက်ရ ပါတယ်။
၁။ ‘chrome’ ထဲမှာ ဖွင့်ထားတဲ့ စာမျက်နှာတစ်ခုကို desktop နဲ့ start menu ပေါ်ကို ခေါ်တင်ပြီး shortcut တစ်ခုနေနဲ့ဖန်တီးနိုင်ပါတယ်။ ကိုယ်အသုံးများတဲ့ web စာမျက်နှာတစ်ခု ( ဥပမာ အားဖြင့် Gmail ဆိုပါတော့) အရင်ဆုံးဖွင့်ပြီး အလွယ်တကူနဲ့ပဲ စာရွက်ပုံ options မှာရှိတဲ့ ‘creat application shortcuts’ button ကို ကလစ်နှိပ်လိုက်ရုံပါပဲ။
၂။ Ctrl နဲ့ Shift key တွေကို ဖိထားပြီး အက္ခရာ ‘N’ ကို နှိပ်လိုက်မယ်ဆိုရင်တော့ (incognito) ဆိုတဲ့ window တစ်ခုကို ဖန်တီး ပေးမှာ ဖြစ်ပါတယ်။ ဒါဟာ Windows အသစ်တစ်ခုကို ဖန်တီး ပေးတဲ့ သဘောပဲ ဖြစ်တဲ့အတွက် firefox ရဲ့ (Ctrl+N) command နဲ့ ဆင်တူပါတယ်။
၃။ Alt နဲ့ home button ကို တွဲဖက်ပြီး နှိပ်ခဲ့မယ်ဆိုရင်တော့ google chrome ရဲ့ မူရင်း home page ကို ပြန်ရောက်သွားမှာ ဖြစ်ပါတယ်။ အဲဒီ homepage မှာ user တစ်ယောက် အသုံးများတဲ့ စာမျက်နှာတွေကို ‘thumbnail’ စီစဉ် ပေးထားတာကို တွေ့ရပါတယ်။
၎၊၊ ‘Ctrl နဲ့ T ကို တွဲဖက်နှိပ်ရင်တော့ ‘new tab’ ကို ခေါ်ဆိုပေးမှာ ဖြစ်ပါတယ်။ တကယ် လို့ Tab တစ်ခုကို drag ဆွဲချမယ် ဆိုရင် window အသစ်တစ်ခုအနေနဲ့ ဖွင့်လှစ်ပေးပါလိမ့်မယ်။
၅။ “icongnito window’ အသစ်တစ်ခုနေနဲ့ homepage ပေါ်မှာ tumbnail icon တွေကို Right Click နှိပ်ပြီး ဖွင့်လှစ်လို့လဲ ရနိုင်ပါတယ်။
၆။ ‘Ctrl, Shift နဲ့ T’ တို့ကို တွဲဖက် နှိပ်လိုက်ရင်တော့ အရင်တစ်ခါ သုံးစွဲသွားပြီး ပိတ်သွားခဲ့ တဲ့ tab တွေကို ပြန်ခေါင်းဆောင်ဖွင့်လှစ်ပေးမှာ ဖြစ်ပါတယ်။ မီးပျက်လို့ပဲဖြစ်ဖြစ်၊ ရုတ်တရက် ’save’ မလုပ် လိုက်မိတဲ့ web စာမျက်နှာ ကောင်းကောင်းတွေကို ပြန်လည် မှတ်မိဖို့အတွက် သိပ် အသုံးဝင် ပါတယ်။ Google chrome ဟာ အနိမ့်ဆုံး tab (10) ခုအထိ မှတ်မိနေပါတယ်။
၇။ Tab တွေ တစ်ခုနဲ့ တစ်ခုအကြားကို ခုန်ကျော် ဖြတ်သန်းဖို့အတွက်ကတော့ Ctrl key ကိုဖိနှိပ်ထားပြီး keyboard ရဲ့ အပေါ် ဘားတန်းမှာရှိတဲ့ 1, 2, 3, 4, ……number တွေနဲ့ ရောယှက် ဖိနှိပ်လို့ရပါတယ်။ ဥပမာ စာမျက်နှာ ငါးခုမြောက်ကို သွားချင်တဲ့အခါမှာ (Ctrl+5) ကို တွဲဖက် နှိပ်ရပါမယ်။

၈။ စာမျက်နှာတွေကို ခေါ်ယူစဉ်မှာ loading လုပ်တဲ့ စတိုင်ဟာ IE8 နဲ့ဆင်တူပြီး စက်ဝိုင်းကလေး လည်ပတ်နေတဲ့ ပုံသဏာန် ရှိပါတယ်။ ‘Ctrl’ နဲ့ Tab’ ကို တွဲဖက်နှိပ်လိုက် ရင် အဲဒီအချိန်မှာ လတ်တလော loading ခေါ်ယူနေတဲ့ page (tab) ဆီကိုရောက်ပါမယ်။
၉။ (Ctrl+Shift+Tab) တွေကို တွဲဖက်နှိပ်မယ်ဆိုရင်တော့ Ctrl+Tab နဲ့ ဆန့်ကျင်ဘက် အဖြေကို ရရှိမှာဖြစ်ပြီး ယခင် loading ခေါ်ယူပြီးခဲ့တဲ့ page ဆီကို ပြန်လည်ရောက်ရှိနိုင်ပါလိမ့်မယ်။
၁၀။ Firefox browser မှာ သုံးခဲ့သလို ကိုယ်ကြည့်ရှုနေတဲ့ စာမျက်နှာတွေကို စိတ်ကြိုက် နေရာချပြီး အထားအသို ရွှေ့ပြောင်းဖို့အတွက် mouse ကို ဖိထားပြီး drag ဆွဲယူရပါမယ်။
၁၁။ သိပ်ကြိုက်တဲ့ စာမျက်နှာတစ်ခုကို တွေ့ရတဲ့အခါမှာတော့ မှတ်သား bookmark လုပ်ထားဖို့ အတွက် ‘Ctrl နဲ့ D’ ကိုနှိပ်ရပါမယ်။ အဲဒီကမှ ပေါ်လာတဲ့ edit box ထဲမှာ ကိုယ့်စိတ်ကြိုက် အမည် ပေးတာနဲ့ folder တည်ဆောက်တာတွေကို လုပ်ဆောင်နိုင်ပါတယ်။ Address bar မှာ ရှိနေတဲ့ ကြယ်ပွင့် အ၀ါရောင်ကလေးကို click နှိပ်ပြီး bookmark လုပ်နိုင်ပါတယ်။
၁၂။ ‘Ctrl နဲ့ B’ ကို တွဲဖက်နှိပ်လိုက်တဲ့အခါ မှာတော့ bookmark bar ကို ခဏ ဖျောက် ပေးထား ပါတယ်။ မြင်ကွင်း ကျယ်ကျယ်ကို ကြည့်လိုသူတွေအတွက် အသုံးဝင်တဲ့ shortcut တစ်ခုပါပဲ။
၁၃။ Bookmark bar မှာ ရှိတဲ့ ‘back’ ( အနောက်ကိုသွားတဲ့ button) လေးကို Right click နှိပ် လိုက်တဲ့အခါမှာ ကိုယ်ကြည့်ရှုခဲ့တဲ့ စာမျက်နှာတွေရဲ့ စာရင်းကိုတစ်ရက်ချင်းအလိုက် မှတ်တမ်း ရရှိ ပါလိမ့်မယ်။ အဲဒီရဲ့ အောက်ဆုံးမှာတော့ ‘full story’ ဆိုတဲ့ စာသားကို click နှိပ်လိုက်တဲ့အခါ new tab ဖွင့်လှစ်ပေးပြီး ကိုယ့် web စာမျက်နှာကို အပြည့်အ၀ ပြန်လည်ရရှိပါလိမ့်မယ်။
၁၄။ History စာမျက်နှာကို အမြန်ဆုံး နည်းနဲ့ ရောက်ရှိချင်ရင်တော့ Ctrl နဲ့ H ကို တွဲဖက် နှိပ် ရ ပါမယ်။
၁၅။ Instory စာမျက်နှာဟာ install လုပ်ပြီး စတင်သုံးစွဲခဲ့ချိန်ကစလို့ နေ့စွဲ တစ်ခုချင်းစီ အလိုက် မှတ်သားပေးထားမှာ ဖြစ်တဲ့အတွက် မလိုအပ်တာနဲ့ အသုံးမကျတာတွေကို စိတ်ကြိုက် ဖျက်ပစ်ပြီး လိုအပ်သလို ဖွဲ့စည်းပြင်ဆင်ထားနိုင်ပါတယ်။
၁၆။’Ctrl နဲ့ J’ ကို တွဲဖက်နှိပ်တဲ့အခါမှာ ‘download’ လုပ်တဲ့ page ကို ဖွင့်လှစ်ပေးပါလိမ့်မယ်။
၁၇။ ‘download’ page ကို ရှင်းလင်း ချင်တယ်ဆိုရင်တော့ link တစ်ခုချင် အလိုက် Right နှိပ်ပြီး ပေါ်လာတဲ့ box ထဲက ‘Remove’ ကို ရွှေးချယ်လိုက်ရုံနဲ့ ကိစ္စပြတ်ပါတယ်။
၁၈။ ‘Ctrl နဲ့ K’ ဒါမှမဟုတ် ‘Ctrl နဲ့ E’ ဒီ shortcut ကတော့ address bar ပေါ်မှာ ရှာတွေ့ဖို့ ဖြစ် ပါတယ်။ ဟိုအရင်တုန်းက ရှာဖွေဖို့အတွက် ‘google.com’ ဆိုတာကို အရင်ရိုက်ပြီးမှ အဲဒီ search box ထဲကနေ တစ်ဆင့် ရှာဖွေခဲ့ကြရတယ် မဟုတ်လား။ အခုတော့ အဲဒီမှာရှိတဲ့ အဆင့်တစ်ခု ပြုတ် သွားပါပြီ။ address bar မှာကို တန်းပြီး ကိုယ်ရှာဖွေချင်တဲ့ text ကို ရိုက်ပြီး Enter ခေါက်လိုက် တာနဲ့ google ရဲ့ search engine ကို ချိတ်ဆက်မိသွားပြီး အဖြေကို တန်းပြီး ဖော်ပြပေးမှာ ဖြစ် ပါတယ်။ ဒီ command နှိပ်လိုက်စဉ်မှာ address bar မှာ “?” ပုံစံလေး ပေါ်လာပါလိမ့်မယ်။
၁၉။ Window ရဲ့ ထိပ်နားမှာ Right Click နှိပ်လိုက်ပြီး Task manager’ ကို ရွှေးချယ်လိုက်တဲ့ အခါမှာတော့ ဖွင့်ထားတဲ့ tab (စာမျက်နှာတစ်ခုချင်းအလိုက်) တွေရဲ့ memory သုံးစွဲနေပုံကို ဖော်ပြပေးမှာ ဖြစ်ပါတယ်။ အဲဒီအခါမှာ ကိုယ့် PC အတွက် ဘယ်စာမျက်နှာဟာ memory ကို သိသိသာသာ သုံးစွဲနေသလဲ ဆိုတာကို သိနိုင်ပြီး ပယ်ဖျက်နိုင်တဲ့အတွက် surfing လုပ်တဲ့ အခါမှာ မြန်ဆန်လာတာကို ရရှိနိုင်ပါလိမ့်မယ်။
၂၀။ ‘Shift နဲ့ Escape’ ခလုတ်တွေကို တွဲဖက်နှိပ်တဲ့အခါတော့ chrome browser ရဲ့ Task manager ထဲကို ဆိုက်ရောက်ပါလိမ့်မယ်။
၂၁။ add-ons ကိုတော့ chrome မှာ plug-ins လို့ပဲ လတ်တလော မှာ ခေါ်ဆိုပါသေးတယ်။ address bar မှာ ‘about: plugins’ ဆိုပြီး ရိုက်လိုက်တဲ့အခါမှာ ဘယ်လိုအမျိုးအစား plugins တွေကို install လုပ်ထားသလဲဆိုတာကို သိရှိနိုင်ပါတယ်။
၂၂။ Address bar မှာ ရိုက်နိုင်တဲ့ တခြား command တွေ ရှိပါသေးတယ်။

    about: stats
    about: network
    about: histograms
    about: memory
    about: cache
    about: dms

၂၃။ ‘about: crash’ ကို address bar ကို ရိုက်လိုက်တဲ့အခါမှာ တော့ crash ဖြစ်တဲ့ tab တွေကို တွေ့ရှိရပါလိမ့်မယ်။
၂၄။ Windows XP တစ်ခုတည်းမှာသာ အလုပ်အလုပ်တဲ့ easter egg လို့ခေါ်တဲ့ ပျော်စရာကလေး တစ်ခုကတော့ “about: internets” ဖြစ်ပါတယ်။ address bar မှာ အဲဒီလိုရိုက်လိုက်တဲ့အခါမှာ ကိုယ့်ရဲ့ screen saver လေးတွေကို ဖော်ပြပေးပါလိမ့်မယ်။
၂၅။ crome ကနေ web page တစ်ခုရဲ့ source code တွေကို လွယ်လင့်တကူ ကူးယူဖို့အတွက် webpage မှာright click နှိပ်ပြီး view source code ကနေ တစ်ဆင့် ကူးယူလို့ရပါတယ်။ အဲဒီနောက် “inspect element” ဆိုတာကတော့ အဲဒီ webpsge ကို ပြင်ဆင်ရေးသားဖို့ပါ။ Developer တွေ အတွက် အလွန်အသုံးဝင်တဲ့ tool တစ်ခု ဖြစ်ပါတယ်။
၂၆။ Google chrome ကို ကိုယ့် PC အတွက် default browser အနေနဲ့ ထားချင်တယ်ဆိုရင်တော့ ‘tools’ button ကနေ options ကို ရွေး လိုက်ပါ။ အဲဒီ box ထဲမှာရှိတဲ့ ‘Basics’ tab ကို click နှိပ်ပြီး ‘Make Google chrome my default botton’ ကို click နှိပ်လိုက်ရုံပါပဲ။
၂၇။ အန္တရာယ်ရှိတဲ့ cookies တွေကို ဖျက်ချင်တယ် ဆိုရင်တော့ ညာဘက်မှာ ရှိတဲ့ Tools> options> under the hood ကိုရွေးချယ်ပါ။ အောက်ကို ဆင်းလိုက်ပြီး’security section’ ကိုရွေးပါ။ အဲဒီမှာ ’show cookies’ ကို click နှိပ်ပါ။ ဒီထဲမှာက individual cookies ကို click နှိပ်ပြီး ဖျက်ပစ်နိုင်ပါတယ်။
၂၈။ History, cache နဲ့ browse လုပ်ထားခဲ့တဲ့ တခြား အချက်အလက်တွေကို ဖျက်ပစ် ချင်တယ် ဆိုရင် tools icon အောက်မှာရှိတဲ့ ‘clear browsing data’ ကို click နှိပ်ပြီး ဖျက်ပစ်နိုင်ပါတယ်။
၂၉။ တခြားသော ရောက်ရှိသွားလာခဲ့တဲ့ webpage တွေနဲ့ မှတ်တမ်းတွေကို ဖျက်ချင်တယ် ဆိုရင် လည်း ‘clear browsing data’ ကို click နှိပ်ပြီး ဖျက်ပစ်နိုင်ပါတယ်။
၃၀။ Browser history တွေကို clear လုပ်ပြီး ဖျက်ပစ်ခဲ့ပေမယ့် အသုံးများတဲ့၊ အဖိုးတန်တဲ့ google က ယုံကြည်တဲ့ page တွေကိုတော့ ပြန်လည် ခေါ်ယူလို့ ရပါတယ်။

အွန်လိုင်းမှာ ငွေရှာနည်း

ဒီနေ့ခောတ် စီးပွားရေး အခြေအနေအရ Gas ၊ စားသောက်ကုန် ၊ လူသုံးကုန်ပစ္စည်းတွေဟာ မိုးထိအောင်တက်နေတော့ လူတွေရဲ့ဝင်ငွေဟာ ကုန်ဈေးနှုန်းကို လိုက်လို့မမီဘူးဆိုတာ သိရှိလာကြပါတယ် ။ ဒါကြောင့် လူအများစုဟာ ငွေကို အလျင်အမြန်ရှာဖွေနိုင်ဖို့အတွက် အင်တာနက်စီသို့ ခြေဦးလှည့်လာကြတာ မဆန်းပါဘူး ။ လူတွေဟာ သူတို့ရဲ့ သုံးစွဲခ ဘီလ် ( bill ) ကို ဘယ်လိုပေးချေရမလဲ ဆိုတာနဲ့ပတ်သက်ပြီး စိုးရိမ်နေကြပါတယ် ။ တခါတလေမှာလည်း ဘီလ်တောင်းခံမှုက အရမ်းများနေတတ်ပါတယ် ။

အခုဖော်ပြမှာကတော့ မြန်မြန်ဆန်ဆန် အလွယ်တကူ အင်တာနက်မှာ ငွေရှာနိုင်မယ့် နည်းလမ်းဖြစ်ပါတယ် ။ သင်ဟာ ချမ်းသာသွားမှာလား? အဲလိုတော့ မဟုတ်သေးဘူး ။ ဒါပေမယ့် တစ်လမှာ ဒေါ်လာ ၁၀၀ ၊ ၂၀၀ ၊ ၃၀၀ ကျော်လောက်တော့ ရနိုင်ပါတယ် ။

Ebay

ဒီနေရာမှာ Ebay အကြောင်း မပြောလို့တော့ မဖြစ်ဘူး ။ ငွေကို ချက်ချင်းရှာဖွေနေချင်သူအတွက်တော့ Ebay ဟာ သိပ်တော့မကောင်းဘူး။ ဘာဖြစ်လို့လည်းဆိုတော့ သူက လူတွေအားလုံးကို အိမ်မှာနေပြီး ကုန်ပစ္စည်းတွေကို အွန်လိုင်း (online) မှာ ရောင်းခွင့်ပေးထားလို့ပါ ။

eBay မှာ ဈေးရောင်းချင်တယ်ဆိုရင်တော့ သင်ဟာ ရောင်းဖို့ပစ္စည်းတစ်ခုခု ရှာရမှာပေါ့ ။
သင်ဟာ ဒီကနေပြီး eBay မှာ Register လုပ်လို့မရပါဘူး ။ Country or Region Box မှာ My နဲ့ စတဲ့ နိုင်ငံမပါဘူး ။
သင်ဟာ အာရှနိုင်ငံများဖြစ်တဲ့ Hong Kong, Korea, Malaysia, Philippines, Singapore, Thailand, Vietnam တို့ရဲ့ Address, City, State, Zip Code, Telephone Number တို့ဖြင့် Register လုပ်နိုင်ပါတယ် ။
eBay မှ ၀င်ငွေရှာချင်တယ်ဆိုရင်တော့ သင်ဟာ သင်ရဲ့ ကုန်ပစ္စည်းကို ဘယ်လို အကောင်းဆုံး ရောင်းချမလဲ ဆိုတာနဲ့ပတ်သက်ပြီး ရှင်းပြထားသော Ebay For Dummies Starter Kit လို့ခေါ်တဲ့ ebook စာအုပ်တွေကို ၀ယ်ယူဖတ်ရှုနိုင်ပါတယ် ။

Freelance Writer

Freelancer ဆိုတာ ကိုယ့်အလုပ်ကိုယ့်ဘာသာလုပ်သူ ၊ မည်သည့် အလုပ်ရှင်နဲ့ ရေရှည် စာချုပ် ချုပ်ဆိုထားခြင်း မရှိသူ လို့ ပြောနိုင်ပါတယ် ။ သင်ဟာ အင်တာနက်မှာ freelance writer စာရေးဆရာအဖြစ် လုပ်ကိုင်နိုင်ပါတယ် ။ Businesses စီးပွားရေးလုပ်ငန်းတွေ ၊ Internet Marketers အင်တာနက်မှာ အရောင်းမြှင့်တင်တဲ့သူတွေ ၊ about.com လို website တွေဟာ freelance writers တွေကို အသုံးပြုပါတယ် ။ ကံကောင်းတာက သင်ဟာ ကျွမ်းကျင်သော စာရေးဆရာ ဖြစ်စရာ မလိုပါဘူး ။

သင်ဟာ freelance writer အဖြစ်လုပ်မယ်ဆိုရင် websites များအတွက် Blog post, Articles ဆောင်းပါးများကို ရေးပေးရမှာ ဖြစ်ပါတယ် ။ သင်ဟာ fiction စိတ်ကူးယဉ်စာပေသော်လည်းကောင်း ၊ non-fiction အမှန်တရားတွေ၊ လူအကျင့်စရိုက်တွေ၊ အဖြစ်အပျက်တွေ အကြောင်းသော် လည်းကောင်း ရေးသားဖို့ အခွင့်အရေး ရနိုင်ပါတယ် ။
သင်ဟာ တစ်နေ့ကို ဆောင်းပါးအနည်းငယ်ရေးပြီး ငွေကို ရယူပါ ။ ဒီ အခွင့်အရေးကို http://www.reviewopedia.com/freelancehomewriters.com.htm မှာ လေ့လာနိုင်ပါတယ် ။

note : သင်ဟာ freelance photographer, freelance graphic designer အဖြစ်လည်း လုပ်ကိုင်နိုင်ပါတယ် ။

Read Emails

Company များမှာ ဖတ်ဖို့လိုအပ်သော emails တွေ တစ်နေ့မှာ ထောင်နဲ့ချီပြီး ၀င်နေပါတယ် ။ CEO (သို့) အလုပ်ရှင်ဟာ နေ့တိုင်း email ဖတ်ဖို့ အချိန် မဖြုန်းနိုင်ပါဘူး ။ ဒါကြောင့် email ဖတ်ပေးဖို့ လူငှားတယ်ပေါ့ ။
email ဖတ်ပေးခကိုတော့ အလုပ်ရှင်နဲ့ ညှိနှိုင်းရမှာ ဖြစ်ပါတယ် ။

Etsy

လက်မှုပစ္စည်းတွေလုပ်တတ်ပါသလား? www.etsy.com မှာ လက်မှု ပစ္စည်းတွေ ( handmade craft or product ) အရောင်း အ၀ယ် ပြုလုပ်နိုင်ပါတယ် ။ ရောင်းချသူများဟာ eBay ထက်ပိုပြီး အကျိုးအမြတ် ရကြပါတယ် ။ သင်ဟာ ဒီလိုမျိုး ပြုလုပ်နိုင်သူ ဆိုရင်တော့
ငွေတွေ ရနိုင်ကောင်းပါရဲ့ ။




Start your own Blog

သင့်မှာ ကိုယ်ပိုင် website ရှိစရာ မလိုပါဘူး ။ Blogging software များကိုလည်း install လုပ်စရာမလိုပါဘူး ၊ ကြော်ငြာများကို ဘယ်လိုထည့်သွင်းရမလဲ ဆိုတာကို လည်းသိဖို့မလိုပါဘူး ။ Blogger.com မှာ web design ကို ဘာမှနားမလည်လဲ blog တစ်ခုကို အခမဲ့ ရရှိနိုင်ပါတယ် ။ Blogger ဟာ Google AdSense နဲ့ ဆက်သွယ်ထားပြီး သင်ဟာ သင့်ရဲ့ blog မှာ ကြော်ငြာ ads တွေကို ဖော်ပြခြင်း ၊ လူတွေဟာ အဲဒိ ads ကြော်ငြာ တွေကို click နှိပ့်ခြင်း ပြုလုပ်တဲ့အခါမှာ သင်ဟာ ၀င်ငွေရရှိမှာ ဖြစ်ပါတယ် ။

ဒိထက် ၀င်ငွေပိုလိုချင်တယ်ဆိုရင်တော့ affiliate program တွေကို အသုံးပြုပါ ။ Monetizing your blog နဲ့ ပတ်သက်ပြီး http://weblogs.about.com/od/?once=true& ဒီ link မှာ ဆက်လေ့လာနိုင်ပါတယ် ။ သင်ရဲ့ blog ကို လူတွေ အများကြီး ၀င်ရောက် ကြည့်ရှုဖို့အတွက် စိတ်ဝင်စားဖွယ် အကြောင်းအရာများကို ရေးပါ ၊ အရေးအသားကောင်းပါစေ ၊ သူငယ်ချင်းတွေကို ပြောပြပါ ၊ အဆင်ပြေသွားပါလိမ့်မယ် ။

Related : http://www.problogger.net/




Hakia ဟာ Top 5 Semantic Search Engines တွေထဲမှာ ထိပ်ဆုံးက ပါဝင်ပါတယ် ။ Semantic Search Engines ဆိုတာ ကိုယ်ရှာဖွေတဲ့ အကြောင်းအရာနဲ့ တူတဲ့ search results တွေကို ရှာဖွေပေးပါတယ် ။ တကယ်လို့ သင်က election ဆိုတဲ့ စကားလုံးကို ရှာဖွေတယ်ဆိုရင်
semantic search engine တွေဟာ election ဆိုတဲ့ စကားလုံးကို source document တွေမှာ ရှာမတွေ့ဘူးဆိုရင်တောင်မှ vote , campaingning , ballot စတာတွေ ပါဝင်တဲ့ word တွေကို ရှာဖွေပေးမှာဖြစ်ပါတယ် ။

www.hakia.com မှာ myanmar လို့ ရိုက်ထည့်ပြီး ရှာဖွေမယ်ဆိုပါက Population of Myanmar , Geography of Myanmar , GDP of Myanmar , Government of Myanmar စသည်တို့ကိုပါ အပြည့်အစုံ မြင်တွေ့ရမှာဖြစ်ပြီး ၊ Image Search , Headline News , Country Profile , Goverment and Politics စသည်တို့ကိုလည်း ကိုယ်ကမရှာဖွေပေမယ့် သူက အလိုအလျှောက် ရှာဖွေပေးမှာဖြစ်ပြီး

On This Page ဆိုတဲ့ Title လေးအောက်မှာ ခေါင်းစဉ်ငယ်လေးအဖြစ် ဒီလိုဖော်ပြပေးထားပါတယ်

Basic Information
Image Search
Headline News
Country Profile
Government and Politics
Consulate and Embassy
Economy
Culture
History
Religion
Major Cities
Main Attractions
Historical Sites
National Parks and Ecotourism
Traveler's Forum
Weather
Photographs
National Media
Maps
Hotel Guides
Restaurant Guides

အရမ်းကောင်းပါတယ် ။ ကိုယ်တိုင်သုံးကြည့်ကြပါခင်ဗျား ။

ဟက်ကာ လျှို့ဝှက်ချက်

လူသိအများဆုံး ကျော်ကြားတဲ့hacker ဟာ ဘယ်သူလဲ ဆိုတဲ့ မေးခွန်းတော့မရှိပါဘူး ။ kevin Mitnick ဟာ ကွန်ပျူတာ ဟက်ကာ တစ်ယောက်ပါပဲ ။ FBI မှာ ကွန်ပျူတာ နက်ဝက် များကို ချိုးဖောက်ခြင်း ၊ Sun , Novell, Motorola မှ Software များကို ခိုးယူခြင်းတို့ကို သုံးနှစ်ကြာလောက် ဦးဆောင်လုပ်ခဲ့ပြီးနောက်ပိုင်းမှာတော့ "computer terrorist" ကွန်ပျူတာ အကြမ်းဖက်သမားရယ်လို့ နာမည်တက်ခြင်းခံရပါတယ် ။

၁၉၉၅ ခုနှစ်မှာ အဖမ်းခံရပါတယ် ။ ၂၀၀၂ ခုနှစ်မှာ ထောင်ကနေ လွတ်ပါတယ် ။ CNET News က hackers များနဲ့ ပတ်သက်သော Q&A series အတွက် အခု အသက် ၄၅ နှစ်ရှိပြီဖြစ်သော Mitnick နဲ့ တွေဆုံကာ ကွန်ပျူတာကို ဘာကြောင့်စိတ်ဝင်စားပါသလဲ ၊ ယနေ့ခောတ် hacking နှင့် လွန်ခဲ့သော ၁၉၉၀ ခုနှစ်က hacking ကွဲပြားခြားနားမှု နဲ့ black-hat hacker တစ်ယောက်ကို security အလုပ်မျိုးမှာ အလုပ်ခန့်ခြင်းဟာ ပညာရှိသောလုပ်ရပ် ဟုတ်သလား မဟုတ်ဘူး လား ဆိုတာနဲ့ပတ်သက်ပြီး မေးမြန်းခဲ့ပါသည် ။

မေးး hacking ကို ဘယ်အချိန်လောက်မှာ စတင်ခဲ့ပါသလဲ ။
Mitnick: ကျွန်တော် ၁၆ နှစ် ၁၇ လောက်မှာပေါ့ ။ ၁၉၇၉ ခုနှစ်မှာ ကျွန်တော် အထက်တန်းကျောင်းသားပဲ ရှိသေးတယ် ။

့မေးး hacker ဘ၀ ထဲကို ဘယ်လို ၀င်ရောက်လာပါသလဲ ။

Mitnick: ကျွန်တော် ဟာ ဖုန်းတွေကို အရမ်းစိတ်ဝင်စားခဲ့ပါတယ် ။ ကျွန်တောင်ဟာ ham operator or amateur radio operator အဖြစ် သုံးနှစ်လောက် လုပ်ကိုင်ခဲ့ပါတယ် ။ amateur radio operator အပျော်တန်းအော်ပရေတာ ဆိုတာ ဟိုဘက် radio station နဲ့ ဒီဘက်မှာရှိသော radio station နှစ်ခု radio frequencies ကို အသုံးပြုပြီး communication အဆက်အသွယ်ပြုလုပ်ခြင်းပါပဲ ။ ham ဆိုတာကတော့ amateur radio operator တွေကို ကိုယ်စားပြုတဲ့ နာမည်ပြောင် nickname တစ်ခုပါ ။ အထက်တန်းကျောင်းတက်တုန်းက တခြားကျောင်းသားတစ်ယောက်နဲ့တွေ့ဆုံခဲ့ပါတယ် ။ သူ့ရဲ့ အဖေက ham radio operator တစ်ယောက်ပါ ။ ဒီကျောင်းသာလည်း phone phreaking နဲ့ ပက်သက်ပြီး ၀ါသနာ ပါပါတယ် ။ phone phreaking ဆိုတာ telecom network ရဲ့ အရင်းအမြစ်တွေကို အပျော်သဘော or အနှောက့်အယှက်ပေးဖို့ တရားမ၀င် ရရှိအောင် ကြိုးစားခြင်းပါပဲ ။ phone phreaker တွေဟာ telecom infrastructure ကို နားလည်အောင် လေ့လာရပါတယ် ။ တခြား phone phreaker တွေကတော့ အဝေးပြောဖုန်းခေါ်ဆိုဖို့ ၊ Voice အသံ နဲ့ data တွေကို ခိုးယူဖို့ ကြိုးစားကြပါတယ် ။ ကျွန်တော့် သူငယ်ချင်းကတော့ telephone sytem နဲ့ ပတ်သက်ပြီး လေးစားလောက်ပါတယ် ။ စာရင်းလုပ်မထားသော ဖုန်းနံပါတ်များကိုလည်း သူရှာဖွေနိုင်ပါတယ် ။ သူ့စီမှာ ကျွန့်တော့် ဖုန်းနံပါတ်ရှိတယ်ဆိုရင် သူဟာ ကျွန်တော့်ရဲ့ နာမည် နဲ့ လိပ်စာကို လည်း သိနိုင်တယ်လေ ။ phone companies တွေဟာ electronic systems ကို ပြောင်းလဲ အသုံးပြုလာပါတယ် ။ ထိန်းချုပ်ဖို့အတွက် front-end computers များကို သုံးပါတယ် ။ phone company တွေဟာ သူတို့ရဲ့ လုပ်ငန်းအားလုံးကို အလိုအလျှောက် automating လုပ်ဆောင်တာပါ ။ ကျွန်တော် ဟာ phone phreaking နဲ့ ပတ်သက်ပြီး ကျွမ်းကျင်လာအောင် ဆက်လေ့လာခဲ့ပါတယ် ။

မေးး ဒါဆိုရင် phone phreaking ကနေ hacking စီကို ရောက်လာတာလား ။
Mitnick: ဟုတ်ပါတယ် ။ phone company တွေ မှာ Cosmos လို့ခေါ်တဲ့ system ရှိပါတယ် ။ "computer system for mainframe operations" ပါ ။ ကျွန်တော့်ကျောင်းသားအနေနဲ့ ပထမဆုံး hacking လုပ်ခဲ့တာက Monroe High School မှာ ဖြစ်ပါတယ် ။
ကွန်ပျူတာကို အရမ်းစိတ်ဝင်စားတဲ့ တခြား သူငယ်ချင်းတစ်ယောက်နဲ့ တွေ့ဆုံခဲ့ပါတယ် ။ အဲဒိအချိန်တုန်းက သူတို့ဟာ seniors သမားများအတွက် ကွန်ပျူတာ သင်တန်းများ သင်ကြားပို့ချပေးနေပါတယ် ။ ကျွန်တော်ကတော့ senior မဖြစ်သေးပါဘူး ။ ဒါကြောင့်သူဟာ ကျွန်တော့်ကို professor နဲ့ မိတ်ဆက်ပေးခဲ့ပါတယ် ။ ဒါပေမယ့် ပရော်ဖက်ဆာ ဟာ ကျွန်တော့်ကို သူတို့အတန်းမှာ စာသင်ခွင့်မပေးပါဘူး ။ ဒါကြောင့် ကျွန်တော်ဟာ phone system နဲ့ပတ်သက်ပြီး electronic tricks လေးတွေလုပ်လိုက်ပါတယ် ။ ဆရာဟာ အံ့သြသွားပြီး စာသင်ခွင့်ပေးလိုက်ပါတယ် ။ ဒီနေ့မှာတော့ သူဟာ အဲဒိ ဆုံးဖြတ်ချက်ကို နောင်တရနေမယ် ထင်တာပဲ ။

မေးး ဘယ်လို hacking လုပ်ရတာမျိုးကို ဂုဏ်အယူဆုံးပါလဲ ။

Mitnick: ကိုယ်ကျင့်တရားလား ၊ ဟား ဟား ။ သင်ဟာ ကျွန်တော် ဘယ်အချိန်က hacker ဖြစ်လာသလဲဆိုတာ ကြားချင်ပါလိမ့်မယ် ။ ကျွန်တော်ဟာ Motorola က အလုပ်သမားတစ်ယောက်စီ ဖုန်းခေါ်ပြီး MicroTAC Ultra Lite ဆဲလ်ဖုန်းရဲ့ code ကို ကျွန်တော့်စီ ပို့ပေးဖို့ သဘောတူညီမှု ရယူနိုင်ပါတယ် ။ Motorola ဟာ SecurID ဖြင့် သူ့ရဲ့ campus ကို ကာကွယ်ထားပါတယ် ။ SecurID ဆိုတာ Network ကို access လုပ်နိုင်သော password or pin ကို ဆိုလိုတာပါ ။ ကျွန်တော်ဟာ manager တစ်ယောက်အား ကျွန်တော်လိုအပ်တဲ့အခါမှာ ၀န်ထမ်းတစ်ယောက်ရဲ့ RSA SecurID ကို ခန့်မှန်း ပြောဆိုပေးဖို့ အကူအညီတောင်းဆိုနိုင်ပါတယ် ။ ဒါဆိုရင် ကျွန်တော်ဟာ network ကို remote အဝေးကနေ သုံးလို့ရပြီပေါ့ ။ ဒါဟာ ကျွန်တော် သူတို့ရဲ့ internal network ဘယ်လို access ရယူသလဲဆိုတာနဲ့ cell phone အတွက် သူတို့ရဲ့ development servers ကို hack လုပ်ဖို့ ကျွန်တော့်ရဲ့ technical တွေကို အသုံးပြုနိုင်ပါတယ် ။ cell phones အားလုံးအတွက် source code တွေကို ကျွန်တော် ရှာဖွေနိုင်ပါတယ် ။

ကျွန်တော် ဟာ MicroTAC series ကို စိတ်ဝင်စားပါတယ် ။ ဘာဖြစ်လို့လည်းဆိုတော့ "Star Trek" communicator နဲ့ တူလို့ပါ ။ ဒီဖုန်းတွေ ဘယ်လို အလုပ်လုပ်သလဲဆိုတာ ကျွန်တော်သိချင်ပါတယ် ။ processor ကို codes တွေက ဘယ်လို controll ထိန်းချုပ်သလဲပေါ့ ။ source code တွေကို ရောင်းစားဖို့ ကျွန်တော် စိတ်မ၀င်စားပါဘူး ။ ဒီအတွက်လည်း ကျွန်တော် ဂုဏ်မယူပါဘူး ။
ဘာဖြစ်လို့လဲဆိုတော့ ဒါတွေဟာ မှားနေလို့ပါ ။ source code တွေနောက် လိုက်မိတဲ့ အတွက် ကျွန်တော် နောင်တရမိပါတယ် ။

ကျွန်တော်ဟာ protocols တွေကို ဘာကြောင့် အသုံးပြုတာလဲ ၊ communications network မှာ phone ဟာ ဘယ်လိုစကားပြောသလဲ ၊ ဒါတွေအားလုံး ဘယ်လိုအလုပ်လုပ်နေသလဲ ဆိုတာကို တကယ်သိချင်နေခဲ့တာပါ ။ ကျွန်တော့် ဖုန်းက code အတွက် firmware ကို modify လုပ်နိုင်မယ်လို့ထင်ပါတယ် ။ ဒါဆိုရင် goverment က ကျွန်တော့်ကို trace လုပ်ဖို့ ပိုခက်သွားပါလိမ့်မယ် ။ ဥပမာ အားဖြင့် goverment အသုံးပြုသော methodologies ရှိပါတယ် ။ သင့်ဖုန်းကို ဖွင့်ထားသောအချိန်မှာ အဲဒိဖုန်းဟာ mobile telephone company နဲ့ communicating လုပ်နေပါလိမ့်မယ် ။ ကျွန်တော်ဟာ ဖွင့်လိုက် ပိတ်လိုက် လုပ်နေမယ် ။ နောက်ဆုံး ကျွန်တော့်ဖုန်းကို offline လုပ်လိုက်မယ် ။ ပြီးရင် လိုအပ်တာလေးတွေလုပ်နေမယ် ။ ဒီအချိန်မှာ ကျွန်တော်ဟာ အကြံတစ်ခုရလိုက်ပါတယ် ။ ဒါပေမယ့် မစမ်းရသေးပါဘူး hacking တွေနဲ့ အလုပ်ရှုပ်နေတယ်လေ ။

Website မှာ ဘာစာတွေ ရေးကြသလဲ

ကိုယ့်ရဲ့ web site မှာ ဘာအကြောင်း အရာတွေကို ရေးသားဖော်ပြမလဲ ။ ဟုတ်ကဲ့ ကိုယ်စိတ်ဝင်စားတဲ့ အကြောင်းအရာတွေကိုသာ ရေးကြပါ ။ ဘယ်လိုအကြောင်းအရာတွေကို ရေးရမယ်လို့ ပြောဖို့ခက်လှပါတယ် ။ သင်သာလျှင် သင့်ရဲ့အကြိုက်ဆုံး ၊ သင်အရေးချင်ဆုံးကို သိသူမို့လို့ပါ ။

လူတွေရေးတဲ့အထဲက လူသိအများဆုံးကတော့ လူတွေဟာ သူတို့ရဲ့ Web sites မှာ ကိုယ့်အကြောင်း ၊ ကိုယ့်မိသားစုအကြောင်းအရာတွေကို ရေးခြင်းပဲဖြစ်ပါတယ် ။ တလောကလုံးကို သင့်အကြောင်းတွေပြောချင်တယ် သင်ဘယ်သူလဲ သင်ဘာတွေကို စိတ်ဝင်စားတယ် ဒါဆိုရင် သင့်အကြောင်းတွေ ရေးသားဖို့ site တစ်ခုဖန်တီးလိုက်ပါ ။ သင့်မိသားစုအကြောင်း ဒါမှမဟုတ် သင့်ရဲ့ကလေးတွေအကြောင်း ပြောပြချင်တယ် ဓတ်ပုံတွေပေးပို့ချင်တယ်ဆိုရင်တော့ သူတို့အကြောင်းတွေကို ရေးပါ ။ အရမ်းကို စိတ်ဝင်စားစရာကောင်းတဲ့ဘ၀ကို သင်ပိုင်ဆိုင်ကောင်း ပိုင်ဆိုင်ထားပါလိမ့်မယ် ။

သင့်မှာ ဒိုင်ယာရီ စာအုပ်ရှိလား ? အင်...မရှိဘူးဆိုရင် အခု online မှာ ရေးသားနိုင်ပါပြီ ။ ဟုတ်တယ်လေ အွန်လိုင်မှာဆိုတော့ လူတွေ အကုန်လုံး ဖတ်လို့ရတာပေါ့ ။ အွန်လိုင်း ဒိုင်ယာရီဟာ အလွန့်ကို လူကြိုက်များပါတယ် ။ ကိုယ်ရေးကိုယ်တာတွေကို ပြောကြပါ ။

ဘယ်သူမဆို စာရေးသားခြင်း နှင့် Web site တစ်ခုဖန်တီးခြင်း ပြုလုပ်နိုင်ပါတယ် ။ ဆယ်ကျော်သက်ပဲဖြစ်ဖြစ် ကလေးလေးပဲဖြစ်ဖြစ်ပေါ့ ။ တခါတလေ လူငယ်တွေရေးတဲ့ sites တွေဟာ အကောင်းဆုံးပါ ။ သူတို့ဟာ သူတို့ရဲ့စိတ်မှာ ခံစားရတဲ့အကြောင်းတွေကိုရေးသားတတ်ကြပါတယ် ။

လူတွေကို အကူအညီပေးနိုင်တဲ့ sites တွေ အကြောင်းပြောကြတာပေါ့ ။ တချို့လူတွေဟာ ကလေးတွေ နဲ့ အရွယ်ရောက်သူများအတွက် ပညာရေးဆိုင်ရာ sites တွေအကြောင်းရေးကြပါတယ် ။ သင်ဟာ တစ်စုံတစ်ခုအကြောင်းကို သိတယ် ၊ တခြားသူတွေလည်း အကျိုးရှိုနိုင်တယ်ဆိုရင် သင်ဟာ ဒီလို sites မျိုးကိုရေးသားနိုင်ပါတယ် ။ သင်ဟာ ပျော်ပျော်နေတတ်တဲ့ လူနောက် တစ်ယောက် ဖြစ်တယ်ဆိုရင် သင်ဟာ ရယ်ရွှင်ဖွယ်ရာ ဟာသ များကိုလည်း ထည့်သွင်းရေးသားနိုင်ပါတယ် ။

ကိုယ်ရေး ကိုယ်တာ Web site နဲ့ ပတ်သက်ပြီး popular ဖြစ်တဲ့ တခြားအရာတွေကတော့ အိမ်မွေးတရိစ္ဆာန် ၊ ၀ါသနာ ၊ အားလပ်ရက်များ အကြောင်းရေးသားခြင်းတို့ဖြစ်ပါတယ် ။ ခွေးကလေး ကြောင်ကလေးတွေကို ချစ်တယ်ဆိုရင် အဲဒိကြောင်းတွေ ရေးသားနိုင်ပါတယ် ။ သင်ဟာ အားလပ်ရက်ကို နှစ်သက်သူ ဖြစ်ချင် ဖြစ်နိုင်ပါတယ် ။ သင်ဟာ Christmas ကို ကြိုက်နှစ်သက်သူလား ၊ Halloween နှင့်ပတ်သက်ပြီး ရူးသွပ်သူလား ။ သင့်ရဲ့ ၀ါသနာ တွေ အကြောင်းကိုကော မပြောပြချင်ဘူးလား ။ ဟုတ်ကဲ့ ဒါတွေအားလုံး သင် ရေးသားနိုင်ပါတယ် ။

Webcams ဟာ အရမ်းမိုက်ပါတယ် ။ သင်ဟာ လူတွေကို သူတို့ရဲ့အိမ်မှာ ၊ သူတို့ရဲ့အလုပ်မှာ မြင်တွေ့နိုင်ပါတယ် ။ သင့်အကြောင်းတွေ ပြောဆိုခြင်းသာမက ၊ သင့်ကို မြင်ခွင့် လူတွေကို ပေးလိုက်ခြင်းလည်း ဖြစ်တယ် ။ သင်ဘာလုပ်နေတယ် ဘာလုပ်တော့မယ်ဆိုတာ Webcams မှ တဆင့် သူတို့က ကြည့်ရှုနေကြပါတယ် ။

သင့်ရဲ့ site တစ်ခုလုံးမှာ အကြောင်းအရာတစ်ခုထဲကို ရေးသားဖို့ မလိုပါဘူး ။ စာမျက်နှာတစ်ခု one page မှာ သင့် အကြောင်း ရေးပါ ။ နောက် တစ်မျက်နှာမှာ သင့်မိသားစုတွေအကြောင်း ၊ နောက် page မှာတော့ သင့်ရဲ့ခွေးကလေးအကြောင်း ၊ နောက်တစ်မျက်နှာမှာ သင်ရဲ့ ၀ါသနာ တွေ အကြောင်းရေးသားနိုင်ပါတယ် ။ ထို့နောက်တွင် သင့်ရဲ့ ကိုယ်ရေးကိုယ်တာ personal Web site ဖြစ်ဖို့ အားလုံးကို link ချိတ်ဆက်လိုက်ပါ ။

ကိုယ်ရေးကိုယ်တာဆိုတာ ဒါပါပဲ ။ သင်ဟာ personal Web page တစ်ခုကို ရေးချင်တယ်ဆိုရင် ဘာအကြောင်းပဲဖြစ်ဖြစ် သင်ရေးချင်သလို ရေးသားနိုင်ပါတယ် ။ ဒါဟာ သင့် website ပဲလေ ။ သင့်ရဲ့ website နဲ့ အတူ ပျော်ရွှင်နိုင်ပါစေ ။

လူတွေဟာ second language တစ်ခုခုကို အမြဲတန်း သင်ယူချင်ကြပါတယ် ။ ဒီ language တွေဟာ ခရီးသွားတဲ့အခါမှာ အရမ်းကို အသုံးဝင်ပါတယ် ။

ဒါပေမယ့် ဘယ် language ကို ရွေးချယ် သင်ယူရမလဲ ။ languages တိုင်းဟာ သူ့ဟာနှင့်သူ အသုံးဝင်ကြပါတယ် ။
ပြီးတော့ အလွယ်ဆုံးသင်ယူမှုက ဘာလဲ ။ လူတချို့ကသာ အချိန်ပေးပြီး သင်တန်းတက်ကာ language တွေကို သင်ယူနိုင်ကြသာပါ ။ ဒါကြောင့် သူတို့ရဲ့ တိုးတက်မှုက မြန်ဆန်တယ်လို့ ခံစားရနိုင်ပါတယ် ။ ဘယ်သူကမှ weather မိုးလေ၀သနဲ့ ပတ်သက်တာတွေကို classroom ထဲမှာ ပြောဆိုချင်ကြမှာ မဟုတ်ပါဘူး ။ နိုင်ငံခြားက မြို့တစ်မြို့ အကြောင်း Foreign City ၊ ဒါမှမဟုတ် Newspaper ကို မြန်နိုင်သမျ မြန်မြန် ဖတ်နိုင်အောင် ကျွန်တော်တို့ကို လမ်းညွှန်မှုပေးသင့်ပါတယ် ။ ကမ္ဘာမှာ language တွေဟာ 7000 လောက်ရှိတော့ ဘယ်က စရမလဲဗျာ ။

Language experts တွေဟာ second language တစ်ခုကို သင်ယူဖို့ ရွေးချယ်တာနဲ့ ပတ်သက်ပြီး အကြံပေးထားတာတွေရှိပါတယ် ။ တခြား languages တစ်ခုခုဟာ သင့်ရဲ့ ကိုယ်ပိုင် ဘာသာစကားနဲ့ ပတ်သက်ဆက်နွယ်မှုရှိခြင်းဟာ အရေးကြီးပါတယ် တဲ့ ။ ကိုယ် သင်ယူမယ့် lannguage ဟာ grammar systems က လုံးဝကို ကွဲပြားခြားနားနေမယ် ၊ ကိုယ်မသိတဲ့ alphabet တွေကလည်း သင့်ကို ပိုလို့ အခက်တွေ့စေမှာ ဖြစ်ပါတယ် ။ ဥပမာ English speakers တွေအတွက် Russian ဘာသာစကားကို သင်ယူမယ်ဆိုရင် Cyrillic alphabet ကို သင်ယူရမှာ ဖြစ်သလို ၊ Hindi ဘာသာစကားကို သင်ယူချင်သူများဟာလည်း grammar နဲ့ vocabulary အပြင် Devanagari လို အရေး အဖတ်ကို လည်း သင်ယူရမှာ ဖြစ်ပါတယ် ။

Latin alphabet ကို အသုံးပြုတဲ့ languages တွေ ဟာ English ဘာသာစကား နဲ့ ပတ်သက်မှု ရှိနေပါတယ် ။ English ဟာ German , Dutch ကဲ့သို့သော ဘာသာစကားများနဲ့ ဆွေမျိုးတော်ဆက်ပါတယ် ။ German syntax ဆိုတာ sentence structure ၀ါကျတည်ဆောက်ပုံက verbs ကို sentence ရဲ့ အဆုံးမှာထားပါတယ် ။ German phonemes လို့ခေါ်တဲ့ စကားလုံးတွေရဲ့ အသံထွက်ကို လေ့လာမယ်ဆိုရင်လည်း စကားပြောအသံ နဲ့ ရေးတဲ့အသံ တို့ဟာ အသံထွက် အတိအကျ တူညီမှုရှိနေပါတယ် ။ အထူးသတ်မှတ်ထားတဲ့ pronunciation rules တွေ မရှိပါဘူး ။ ပြီးတော့ vocabulary တွေကို လေ့လာရတာ လွယ်ကူမှု ရှိပါတယ် ။ English vocabulary တော်တော်များများ ဟာလည်း German ဘာသာစကားက ယူသုံးထားတာ ဖြစ်ပါတယ် ။ ဒါကြောင့် စကားလုံးတွေဟာ အချင်းချင်း ဆက်ဆက်မှုရှိနေပါတယ် ။ haus = house , wilkommen = welcome ဒီလိုစကားလုံးလေးတွေက မှတ်မိရလွယ်ပါတယ် ။

French နဲ့ Italian ဘာသာစကားက Spanish နဲ့တူပါတယ် ။ French pronunciation နဲ့ spelling တွေဟာ irregular verbs တွေနဲ့ အသံထွက်တွေ များစွာပါရှိသောကြောင့် difficult to master ပါပဲ ။ French မှာ အသံထွက်တစ်ခုကိုပင် spell လုပ်ပုံက multiple ways ရှိပါတယ်တဲ့ ။ Italian အီတလီသားတွေကျတော့လည်း လူတစ်ယောက် အသံတစ်မျိုးစီ တွက်နေကြတော့ လေ့လာသူဟာ စကားလုံးရဲ့ correct sound ကို မသိရဘဲ အဓိပာယ်ပါ ပျောက်ဆုံးသွားပါတယ် ။
သတင်းကောင်းတစ်ခုက Spanish, Italian , French ဆိုတဲ့ Romance languages တွေမှာ similar vocabulary တူညီမှုတော့ရှိပါတယ် ။ “cow” ကို vaca, vacca, and vache လို့ပြောကြပါတယ် ။

သင့် ကွန်ပျူတာကို ဘယ်သူတွေကို ပေးသုံးမလဲ ?

သင့်ရဲ့ ကွန်ပျူတာကို မိသားစုဝင်တွေ ၊ သူငယ်ချင်းတွေ ၊ လုပ်ဖော်ကိုင်ဘက်တွေ စသဖြင့် ဘယ်သူတွေကို သုံးစွဲခွင့်ပေးမယ် ၊ ဘယ်သူတွေကိုဖြင့် သုံးခွင့်မပေးဘူး စသဖြင့် ကန့်သက်ထားလို့ ရပါတယ် ။ သင့် ကွန်ပျူတာကို ဘယ်သူတွေက remote access အဝေးကနေယူသုံးနေတယ်ဆိုတာကို သိဖို့ကတော့ အတော်လေးခက်ပါတယ် ။ သင့်မှာ ကွန်ပျူတာရှိတယ် ၊ network နဲ့ ချိတ်ဆက်ထားတဲ့ ကာလပတ်လုံး သင့်ရဲ့ သတင်းအချက်အလက်တွေ ပျောက်ဆုံးမှု ၊ ထိခိုက်မှု တွေ ရှိနိုင်ပါတယ် ။ ဘယ်လိုပဲဖြစ်ဖြစ် သင်ဟာ ပိုမိုခက်ခဲစေတဲ့ နည်းလမ်းတွေကို အသုံးပြုသင့်ပါတယ် ။

သင့်ရဲ့ ကွန်ပျူတာကို Lock လုပ်ထားပါ ။ သင်ဟာ ကွန်ပျူတာရှေ့မှ ခဏကလေး ထွက်သွားလိုက်တာနဲ့ တစ်စုံတစ်ယောက်အတွက် သင့်ရဲ့ information တွေကို နှောက်ယှက်ဖို့ အချိန်ရစေပါတယ် ။ သင့်ရဲ့ ကွန်ပျူတာကို Lock လုပ်ထားမယ်ဆိုရင် တခြားသူများဟာ သင့်ကွန်ပျူတာကို အသုံးပြုလို့ရမှာ မဟုတ်ပါဘူး ။

* Lock your computer
ပထမဆုံး Control Panel ထဲက User Accounts မှာ Fast User Switching Enabled လား ၊ Fast User Switching Disabled ဖြစ်နေသလား သိဖို့လိုပါတယ် ။ Window Screen Enable ဖြစ်နေတယ်ဆိုရင် Ctrl + Alt + Del ကို နိပ့်ရင် Task Manager ပေါ်လာပါတယ် ။ Shutdown Tab အောက်က Switch User ကို နိပ့်ရင် Lock လုပ်ပေးပါတယ် ။ သင်ဟာ Welcome Screen ကို ရောက်သွားပြီး User Accounts တွေကို တွေ့ရမှာ ဖြစ်ပါတယ် ။ computer ကို unlock ပြန်လုပ်ချင်တယ်ဆိုရင် သင်သုံးချင်သော User Accounts မှာ password ရိုက်ထည့်မှသာ logged-on လုပ်နိုင်မှာ ဖြစ်ပါတယ် ။

Fast User Switching Disabled ဖြစ်နေတယ်ဆိုရင် Ctrl + Alt + Del ကို နိပ့် ရင် Windows Security dialog box ကို မြင်ရမှ ဖြစ်ပါတယ် ။ ဒါဆိုရင် သင်ဟာ username နဲ့ password ရိုက်ထည့်ရပါလိပ့်မယ် ။

Shortcut နောက်တစ်ခုက Windows logo key + L ဖြစ်ပါတယ် ။

သင့် computer ရဲ့ desktop မှာ shortcut လုပ်ချင်တယ်ဆိုရင် :

1.Right-click the desktop.

2.Point to New, and then click Shortcut.

3.The Create Shortcut Wizard opens. In the text box, type the following:
rundll32.exe user32.dll,LockWorkStation

4.Click Next.

5.Enter a name for the shortcut. You can call it "Lock Workstation" or choose any name you like.

6.Click Finish.

သင့် စိတ်ကြိုက် desktop icon , shortcut key တွေ ပေးလို့ရပါသေးတယ် ။ တခြား keyboard , mouse, pc တို့ကို lock လုပ်ပေးသော software တွေကိုလည်း အသုံးပြုနိုင်ပါတယ် ။

သင်ဟာ အင်တာနက်ကို မသုံးတော့ဘူးဆိုရင် သင့်ကွန်ပျူတာကို အင်တာနက်နဲ့ ချိတ်ဆက်မထားပါနဲ့ ။ Disconnect လုပ်လိုက်ပါ ။ သင့်ကွန်ပျူတာကို အင်တာနက်နဲ့ အမြဲတန်းချိတ်ဆက်ထားခြင်းဟာ attackers တွေ အတွက် တိုက်ခိုက်ဖို့ အခွင့်အရေး ရစေပါတယ် ။ သင်ဟာ အင်တာနက်ကို အသုံးမပြုတဲ့ အချိန်မှာ wireless connection ကိုပါ disable လုပ်ထားပါ ။ computer or modem ကို ပိတ်ထားပြီး network cables ကြိုးကိုပါ ဖြုတ်ထားလိုက်ပေါ့ ။ သင်ဟာ အင်တာနက်ကို အသုံးပြုဖို့ ပြန်လည် ချိတ်ဆက်တဲ့အခါမှာ firewall ကို enable လုပ်ထားသလားဆိုတာကို စစ်ဆေးပါ ။

*Firewall
firewall ဟာ သင့်ကွန်ပျူတာကို attackers ရန်မှ ကာကွယ်ပေးပါတယ် ။ ဒါ့အပြင် network မှ malicious virus or worm တွေ သင့် ကွန်ပျူတာထဲသို့ ၀င်မလာအောင် ကာကွယ်ပေးပါတယ် ။ သင်ဟာ အင်တာနက်သုံးနေတယ်ဆိုရင်လည်း မလိုအပ်သော internet traffic တွေကို block လုပ်ပေးပါတယ် ။ window xp မှာ built-in ပါလာတဲ့ window firewall ဆိုတာ ရှိပါတယ် ။ လေ့လာကြည့်ပါ ။

သင်ဟာ window firewall ကို off လုပ်ပြီး အင်တာနက်သုံးနေတယ်ဆိုရင် သင်ဟာ website တစ်ခုခုမှ download လုပ်သောအခါတွင် hidden threats တွေ ဖြစ်တဲ့ rookits , botnes တွေ သင့် ကွန်ပျူတာထဲသို့ ၀င်လာမှာ ဖြစ်ပါတယ် ။

Rootkit ဆိုတာ software အသေးစားလေးပါပဲ ။ သင်ကိုယ်တိုင် မသိလိုက်ပဲနဲ့ သူ့ဘာသာသူ installed လုပ်ပြီး သင့် ကွန်ပျူတာထဲမှာ hidden ကိုယ်ရောင်ဖျောက် နိုင်သူပေါ့ ။ အတော်ဆိုးတဲ့ Rootkit ပါ ။ Attacker ဟာ ဒီ rootkit ကို သုံးပြီးတော့ information တွေကို ရယူနိုင်ပါတယ် ၊ သင့်ရဲ့ လှုပ်ရှားမှုကို monitor စောင့်ကြည့်နိုင်ပါတယ် ၊ programs တွေကို modify လုပ်နိုင်ပါတယ် ၊ တခြား functions တွေကိုလည်း အသုံးပြုနိုင်ပါသေးတယ် ။

Botnet ဆိုတာ bot networ က လာတယ် ထင်တယ် ။ Botnet ကို ပြောရရင် automated computer program ဒါမှမဟုတ် robot တွေပေါ့လေ ။ သူတို့ကိုလည်း တစ်စုံတစ်ယောက်က control လုပ်တာပါပဲ ။

ဒါကြောင့် သင်ဟာ အင်တာနက် မှ software တွေ download အရမ်းလုပ်တယ်ဆိုရင် သင်ဟာ Certificated Web Sites တွေမှသာ download လုပ်သင့်ပါတယ် ။

Browsers , email programs အပါအ၀င်ပေါ့လေ Software အများစုမှာ သင့်လိုအပ်ချက်နဲ့ကိုက်ညီသော features တွေ ပါဝင်ပါတယ် ။ သင့်ရဲ့ Secirity ကို ပိုမိုကောင်းမွန်စေဖို့အတွက် အဲဒိ features တွေကို enable လုပ်ပေးရမှာ ဖြစ်ပါတယ် ။
သင်ဟာ patch သို့မဟုတ် software တစ်ခုရဲ့ new version တွေကို install လုပ်တော့မယ်ဆိုရင် အဲဒိ installation ဟာ သင့်ကွန်ပျူတာ system ကို ထိခိုက်မှုရှိတယ် မရှိဘူးဆိုတာကို သင်မြင်တွေ့နိုင်ပါတယ် ။ ဒါကြောင့် သင်ဟာ တကယ်ပဲ အသုံးပြုဖို့ လိုအပ်တယ် မလိုအပ်ဘူးဆိုတာကို စဉ်းစား ဆုံးဖြတ်ရမှာ ဖြစ်ပါတယ် ။

တစ်ခါတစ်လေ ထိခိုက်မှုတွေက လူကြောင့်ဖြစ်တာ မဟုတ်ဘဲ သဘာဝ ဘေးအန္တာရယ်ကြောင့်လည်း ဖြစ်နိုင်ပါတယ် ။

သင့်ရဲ့ data တွေကို back up လုပ်ထားပါ ။ သင်ဟာ back up ပုံမှန်လုပ်ပြီး CD ထဲမှာ သိမ်းထားခြင်းဖြင့် သင့်ရဲ့ file တွေ ပျောက်ဆုံးခြင်းကို ကာကွယ်နိုင်ပါတယ် ။ virus or worm တွေကို လည်း ကြောက်စရာ မလိုတော့ဘူးပေါ့ ။ အရေးကြီးတဲ့ important information တွေလည်း မပျောက်တော့ဘူးလေ ။

“ ကျွန်တော်၏ အချစ်များစွာ “


An Example Of Love
To: My Lover

Dear love,

စကားလုံးတွေနဲ့ မဖော်ပြနိုင်လောက်အောင် မင်းကိုချစ်ပါတယ် ။ မင်းကိုစတွေ့ တဲ့အချိန်ကစပြီး မင်းဟာ ဖြူစင်ရိုးသားတယ် ဆိုတာ ငါခံစားမိပါတယ် ။
မင်းဟာ အသက်ငယ်ရွယ်သူ ဖြစ်ပေမယ့် ကောင်မလေး တစ်ယောက်ကို ဘယ်လို ချစ်ရမယ် ဆိုတာ ငါ့ ကို သင်ပေးခဲ့ တယ် ။

လူတွေ အားကျကာ မနာလိုဖြစ်ချင်လောက်အောင် ငါတို့ အချစ်ကို ဖြစ်စေချင်ပါတယ် ။ ငါတို့ ဟာ ဖြူစင်သန့် ရှင်းတဲ့ ချစ်ခြင်းရဲ့ သင်္ကေတ ပေါ့ ။

မင်းရဲ့ အထိအတွေ့ ဟာ ငါ့ ရင်ကို နွေးထွေးစေတယ် သိလား ။ ဒါဟာလည်း မင်းကို ငါချစ်တဲ့ အကြောင်းအရင်း တစ်ခု ဖြစ်မှာပါ ။

Love Always,
Nitikiti


Honey
To: My Lover

Dear love,

ဟန်နီ , ငါ့ဘ၀ကို မင်းပြောင်းလဲစေခဲ့တယ် ။ ငါ့ကိုချစ်တဲ့သူဟာ မင်းတစ်ယောက်ထဲရှိတာပါ ။ ရင်ခုန်ခြင်း , ပျော်ရွှင်ခြင်း အရာအားလုံးဟာ မင်းကြောင့် ဖြစ်ပေါ်လာတာ ။

ငါ့ကိုချစ်တယ်လို့ မင်းပြောတယ်နော် ။ မင်းလိုကောင်မလေးမျိုးကို ပေးတွေ့တဲ့အတွက် ဘုရားကို ငါ ကျေးဇူးတင်ပါတယ် ။ မင်းနဲ့ chat ပြောဖို့အတွက် အချိန် အလုံအလောက် မပေးခဲ့တဲ့ငါ့ကို ခွင့်လွတ်ပါလို့ ပြောချင်တယ် ။ တကယ်တော့ မင်းနဲ့
စကားပြောရတာ ရယ်စရာကောင်းခဲ့ပါတယ် ။

ဟန်နီ , မင်း မျှော်လင့်ချက်တွေကို ငါရှာဖွေပေးချင်ပါတယ် ။

ငါ့အနားမှာ မင်းကိုရှိနေစေချင်တယ် ။ မင်းနာမည်လေး ခေါ်လိုက်တာနဲ့ မင်းကို ရောက်လာစေချင်တယ် ။ ဘယ်လိုပဲဖြစ်ဖြစ်ပါ ငါ့ကိုချစ်တယ် ဆိုတဲ့ အသိဟာ ကျေနပ်မှုကိုဖြစ်စေတယ် ။ မင်းနဲ့ ထာဝရ အတူတူ ရှိနေဖို့ ငါစောင့်နေမယ် ။
Ti amo tesoro mio. ငါလိုချင်တာ မင်းပဲ ။

Love Always,
Nitikiti


This is a Poem
I CLOSE MY EYES
by Nitikiti

ငါ့မျက်လုံးတွေကို ပိတ်ထားတယ်

ငါ့မျက်လုံးတွေ ပိတ်ထားတယ် မင်းကိုမြင်တယ်
မင်းလက်ဖ၀ါးရဲ့ နူးညံ့မှု ခံစားမိ
ချစ်ခြင်းမေတ္တာ ရင်တွေခုန်

ငါ့မျက်လုံးတွေ ပိတ်ထားတယ် မင်းကိုမြင်တယ်
ကြင်နာတတ်သော ကောင်မလေးတစ်ယောက် ဒီကမ္ဘာ မှာ ရှိနေတယ် တဲ့
ငါမမျှော်လင့်ထားတာတွေ ဖြစ်လာ

ငါ့မျက်လုံးတွေ ပိတ်ထားတယ် မင်းကိုမြင်တယ်
စိုးရိမ်မှုတွေ ရစ်ဝဲလို့
ဒီလိုဆို …
ငါ့မျက်လုံးတွေ ပိတ်ထားမယ် မင်းယုံကြည်ပေး ။


မင်းကို ချစ်တယ်
To: My Lover

Dear love,

မင်းကို ဘယ်လောက်ချစ်တယ်ဆိုတာ မင်းကိုသိစေချင်လိုက်တာ ။ ငါတို့ လပေါင်းများစွာကြာအောင် ချစ်ခဲ့ကြတယ်နော် ၊ ဒါပေမယ့် ငါတို့အချစ်ဟာ အမြဲတန်း လန်းဆန်းနေပါတယ် ။ မင်းဟာ ငါ့အတွက် အရမ်းကို တန်ဖိုးရှိတယ် ၊ မင်း ငါ့ကို ပျော်ရွှင်အောင်လုပ်ပေးသကဲ့သို့ ငါ မင်းကိုလည်း တကယ် ပျော်နေစေချင်တာပါ ။ ကုန်ဆုံးသွားသောနေ့ရက်တွေဟာ ငါ့အား မင်းကို ပိုလို့ ချစ်မိစေပါတယ် ။ မင်းရဲ့ မထိလေးစား အပြောအဆိုလေးတွေဟာ ငါ့ကိုသတိရနေစေတယ် ။ ဒါတွေ မင်းက သိမှာမဟုတ်ဘူး ။

မင်းဟာ အမြဲတန်း ကိုယ့်ရင်ထဲ ကိုယ့်အတွေးထဲ မှာ ရှိပါတယ် ။ ငါဟာ မင်းနဲ့ မတွေ့ခင်အထိ အချစ်ဟာ အရမ်းကို အံ့အားသင့်ဖွယ်ကောင်းလိမ့်မယ် လို့ မထင်ခဲ့ဘူး ။ မင်းဟာ ငါ့ကို အချစ်နဲ့ပတ်သက်ပြီး အတွေးအခေါ်သစ်တွေ ပေးခဲ့တယ် ။ ငါဟာ အမြဲတန်း ငါတို့ အချစ်ကို တန်ဖိုးထားပြီး စောင့်ရှောက်မှာပါ ။ ငါ မင်းကို ချစ်တယ် ကလေးရယ် ။

Love Always,
Nitikiti


If Only Dreams Came True
To: My Lover

Dear love,

ငါတို့ဟာ ရင်ခုန်သံနဲ့အတူ ပျော်ရွှင်မှူတွေကို ခံစားခဲ့ဖူးပါတယ် ။ တခြားသူတွေအားလုံးထက် မင်းကိုပိုချစ်ပါတယ် ။ ငါတို့ဟာ တစ်ယောက်နဲ့ တစ်ယောက် ချစ်မိသွားတယ် နော် ။ ငါတို့ရဲ့ အချစ်တွေ ပျက်စီးသွားမှာကို အရမ်းစိုးရိမ်ပါတယ် ။ မင်းဟာ ငါ့ကြောင့် ငိုမိတယ် လို့ပြောတော့ ငါ စိတ်မကောင်းဖြစ်ရတယ် ။ မင်းကိုပြောချင်တာက ငါ မင်းကို ချစ်တယ် ဆိုတာပဲ ။

ငါဟာ မင်းကို မကြင်နာသလိုပဲ ၊ စကားလည်းကောင်းကောင်း မပြောဘူးလို့ မင်းပြောခဲ့ဖူးတယ် နော် ။ နောက် အဲဒိလို မဖြစ်စေရပါဘူးလို့ ငါကတိပေးပါတယ် ။ မင်းဟာ ငါရှာဖွေနေသော ကောင်မလေးဖြစ်တယ် ။ မင်းဟာ ငါ့ရဲ့ အိမ်မက်ပေါ့ ။
ဘယ်သူကမှ မင်းလို ငါ့ကိုပျော်ရွင်အောင်လုပ်နိုင်မှာ မဟုတ်ဘူးး ။ ငါမင်းကို လိုအပ်ပါတယ် ။

Love Always,

Nitikiti

Video game လောကမှာ success stories တွေကတော့ ပြောမဆုံးအောင်ပါပဲ ။ Gamer တွေဟာ Bank Account တွေတောင်ဖွင့် နိုင်ကြပြီး Superstar Developers , Geeks တွေ ဖြစ်နေကြပါတယ် ။

Beer ၀ယ်ယူဖို့ အသက်အရမ်းငယ်ရွယ်နေသူလေးဟာ Video game world မှ ၀င်ငွေရှာဖွေနေပါတယ် ။

Tom 'Tsquared' Taylor

အသက် 21 နှစ်ပဲ ရှိပါသေးတယ် ။

သူ့ကို သတိထားစောင့်ကြည့်ရပါမယ် ။ World's foremost "Halo" players တစ်ယောက်ပါပဲ ။ Taylor ဟာ Str8 Ripping လို့ခေါ်တဲ့ အသင်းမှာ တတိယ ကစားသမားတစ်ယောက် ဖြစ်ပါတယ် ။ Major League Gaming မှာ အရေးပါသူတစ်ယောက်ဖြစ်ပြီး ယနေ့ခောတ် ၀င်ငွေအရှာဖွေနိုင်ဆုံး Top-earning players လည်းဖြစ်ပါတယ် ။

2009 ခုနှစ်အစပိုင်းမှာတွင် Taylor's ၀င်ငွေဟာ 175 million ရှိပါတယ် ။

မနှစ်ကလည်း ငွေသား $100,000 နဲ့ prizes တွေအများကြီးကို သိမ်းပိုက်ထားသူပါ ။

ကျွန်တော်တို့လည်း Game သွားကစားမှထင်တယ် ။ တစ်နေ့တစ်နေ့ အင်တာနက်သုံးပြီး ဘာဝင်ငွေမှလည်း မရဘူးလေ ။
သူတို့က Game ကစားနေရင်း ပိုက်ဆံရတယ်ဆိုတော့ အဆန်းသား ။ အားကျစရာပါလား နော် ။

"Doodle Kids," လို့ခေါ်သော iPhone App ကိုရေးသားသူဟာ အသက် ၉ နှစ်အရွယ်ရှိပြီး နာမည်က Lim Ding Wen လို့ခေါ်ပါတယ် ။ Singapore နိုင်ငံသားပါ ။ သူ့ရဲ့ App ကို အကြိမ်ပေါင်း 500,000 ခန့်လောက် download ဆွဲယူခြင်းခံရတယ်လို့ပြောပါတယ် ။

နောက်တစ်ယောက်ရှိပါသေးတယ် ။ သူ့နာမည်က Blake Peebles တဲ့ ။ သူက Guitar Hero ပါ ။ သူ့ရဲ့မိဘက ဂိမ်းပြိုင်ပွဲဝင်ဖို့ အတွက် ကျောင်းမတက်ခွင့်ပေးထားပါတယ် ။ သူက "Guitar Hero" , "fer crying" စသည့် ဂိမ်းတို့ကို ကစားပါတယ် ။ သူနိုင်ရင်ဒေါ်လာ $1,000 လောက် ရမှာလေ ။ ကျောင်းတက်စရာ မလိုတော့ဘူးပေါ့နော် ။







<a href="http://www.emailcashpro.com/?r=zawwintun"><img src="http://www.emailcashpro.com/images/emailcashpro2.gif" border="0" alt="http://www.emailcashpro.com"></a>


































































































































































<%
googel ads